Friday, January 27, 2012

ခင်ညွန့် က လူသတ် အလောင်းဖျောက်ထားသည်ကို ပြန်ပေးရမည်

နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာပြီဖြစ်သည်။ ယင်းအထဲတွင် -၈၈- ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်- ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့  လွပ်မြောက်လာသည်။ ထို့ ကြောင့် ပြည်သူတွေ ၀မ်းသာပီတိ ဖြစ်ကြရသည်။ ယင်းအထဲတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့် ပါ လွပ်မြောက်လာသည်။ သူလွပ်မြောက်လာသည်နှင့် လူမှုရေးဘဲ လုပ်တော့မည် ။ 

တရားသဘောနားလည်သွားပြီဟု ပြောသံတွေ ကြားရသည်။ သူ့ စကားအတိုင်းဆိုလျင် သူကား တကယ့် လူကောင်းတယောက် ဖြစ်နေပြီလို့ ထင်ရသည်။ သို့ သော် ခင်ညွန့်က ယင်းသို့ မဟုတ်သော လူစားမျိုး ။ ဗိုလ်ခင်ညွန့် မှာ လူမှုရေးအလုပ်ကို လုပ်ရအောင် လူသားတယောက်ကဲံသို့  စိတ်စေတနာတို့  ဖြင့် နေခဲ့ သူဖြင့် မဟုတ်။ သူအာဏာလက်စောင်းထက်ချိန် လူတွေ အကျဉ်းကျခံနေခဲ့ ရသည်။ အကျဉ်းထောင်ထဲ သေဆုံးကြရသည်။ နယ်စပ်ဒေသသို့  ဒုက္ခသည်များစွာအဖြစ် ထွက်ပြေးရသည်။ သူသတ်မိန့် ပေး၍ သေဆုံးရပြီး အလောင်းဖျောက်မှု တခုမှာ ဤသို့ ဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ဦးစံကျော်နှင့် ဦးဇင်းဇေယျသာမိမှာ ၁၉၉ရ-ခုနှစ်-သြဂုတ်လ-၉-ရက်နေ့ ဖမ်းဆီးခံရသည်။ ဖမ်းဆီးခြင်းမှာ နယ်စပ်ဒေသတွင် ရခိုင်တပ်မတော်နှင့် ဆက်သွယ်သည်ဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ သူတို့ နှင့်အတူ ဦးညွန့် မောင် ။ ဦးခင်မောင် တို့ ပါသည်။ ဦးညွန့် မောင်ဆိုသည်မှာ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ် -၁၉၉၀-ခုနှစ် စစ်တွေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ပြိုင်ခဲ့ သူဖြစ်သည်။ သူတို့ အားဖမ်းဆီးပြီး ကျနော့်အား သြဂုတ်လ-၁၁ ရက်နေ့ တွင် လာရောက်ဖမ်းဆီးသည်။ သို့ သော် ကျနော်က အခြား တနေရာ ရှောင်နေ၍ ထောက်လှမ်းရေး၏ အဖမ်းအဆီး မခံလိုက်ရ ။ ဦးခင်မောင်မှာ မကြာခင် လွပ်မြောက်သွားပြီး ဦးညွန့် မောင်မှာ ထောင် (၃ ) နှစ် ကျခံခဲ့ ရသည်။ ကျနော် ၊ ဦးစံကျော် ။ဦးညွန့် မောင်တို့ မှာ အတူတူ နိုင်ငံရေးလုပ်ဘော်ကိုင်ဘက်များဖြစ်၍ ယခုကဲ့ သို့  ဖမ်းဆီးရန်ကြိုးပမ်းခြင်းဖြစ်သည် ။ 


ဦးစံကျော်နှင့် ဦးဇေယျသာမိတို့ နှစ်ဦးကို ကျောက်တော်မြို့ သို့  ထောက်လှမ်းရေး( ၁၀ )မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ လမ်းခုလတ်တောစပ်နေရာ အရောက်တွင် သူတို့ အား မြေတူးခိုင်းစေသည်ဟုဆိုသည် ။ ယင်းသို့ တူးခိုင်းခြင်းမှာ သူတို့ ကို မြုပ်ရန်ဖြစ်သည်။ ကိုယ့်ကျင်းကို ကိုယ်တူးပြီးနောက်မှာ သူတို့ အားရက်စက်စွာပစ်သတ်လိုက်သည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့  ရောက်မှ ကျနော်ကြားသိရသည်။
 

စစ်တွေမြို့ ရှိ ထောက်လှမ်းရေး(၁၀ ) တွင် ယင်းအချိန်က ကိုထွန်းကြည်က နိုင်ငံရေးပါတီရုံးခမ်းများကို ၀င်ထွက်သွားလာပြီး စုံစမ်းထောက်လှမ်းနေသူဖြစ်သည်။ ယခုလည်း ဦးစံကျော်နှင့် ဦးဇင်းဇေယျသာမိတို့ ကို ဖမ်းဆီးသူမှာ ကိုထွန်းကြည်ဖြစ်နိုင်သည်။ ဦးစံကျော်မှာ - ၁၉၆၉-ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ် မှ အကောင်းဆုံးဘောလုံးသမားဆုကို ဂိုးသမားအဖြစ် ရရှိထားသူဖြစ်သည်။ သူ့ ကို ရခိုင်ပြည်နယ်က လူတွေ အထူးလေးစားကြသည်။ ဇါတိက ကျောက်တော်မြို့ နယ်မှ ဖြစ်၍ သူ့ အားကျောက်တော်မြို့ သို့  ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။ ထောက်လှမ်းရေး ( ၁၀ ) တွင် ဖမ်းဆီးထားစဉ် နှိပ်စက်မှုများ ကမ်းကုန်သည်။ သူနှင့်အတူ ဖမ်းဆီးခံရသူများသည် ထောက်လှမ်းရေးများ၏ လက်ချက်ဖြင့် သေလုမတတ် ခံရသည်။ ယခုလည်း ဦးစံကျော်နှင့် ဦးဇေယျသာမိတို့ နှစ်ဦးအား ဆက်လက်ပြီး အဆက်အသွယ် ရှိသူများကို နှိပ်စက်ယင်း မေးမြန်းခြင်းဖြစ်သည်။
နောင်ကို သူတို့ လို ရခိုင်တပ်မတော်နှင့် အဆက်အသွယ် မလုပ်ဝံ့အောင် ဦးစံကျော်၏ ဇါတိမြို့ ဖြစ်သော ကျောက်တော်မြို့ သို့  ခေါ်ယူသွားသည်။ ရခိုင်တပ်မတော် ဆိုသည်မှာ ဗိုလ်ခိုင်ရာဇါ ဦးဆောင်သော တပ်မတော်ကို ပြောခြင်းဖြစ်သည်။ ပြီးတော့ ကျောက်တော်မြို့  အရောက် တောစပ်တနေရာတွင် ယခုကဲ့သို့  မြေကျင်းကို တူးစေခိုင်းသည်ဟု ဆိုသည်။ သူတို့ နှစ်ဦးမှာ သေရတော့မည်ကို သိရှိထားသော်လည်း မြေကျင်းကို တူးကြရသည် ။ ယခုကဲ့သို့  ကိုယ့်ကျင်းကိုယ်တူးနေရသည်ကို စဉ်းစားတိုင်း ကျနော်တို့  အသဲဆတ်ဆတ် ခံစားရသည်။ သူတို့ နှစ်ဦးအား ရက်စက်စွာ ပစ်သတ်ပြီး သူတို့  တူးထားသော မြေကျင်းတွင် မြုပ်နှံထားလိုက်သည်။ လူသတ်လိုင်စင် ရထားသော ထောက်လှမ်းရေးတို့ သည် သူတို့ နှစ်ဦးအား ဤသို့  ရက်စွာသတ်ခဲ့ ပြီးနောက် အလောင်းဖျောက်လိုက်သည်ကို -RFA- မှ ကျနော် အင်တာဗျူး ပြောဆိုခဲ့ သည်။ ပြီးတော့ ကျနော်ရေးသားထုတ်ဝေဖြန့် ချီခဲ့ သော ရခိုင်ပြည်နယ်မှ လူ့ အခွင့်အရေးချိုးဖေါက်ခံရမှု အဖြစ်အပျက်များ စာအုပ်တွင် ဖေါ်ပြခဲ့ သည်။
 

ဤဖြစ်စဉ်တခုလုံးမှာ ပါဝင်ပတ်သူများကို ဆန်းစစ်ကြည့်ပါက မည်သူက ဥပဒေမဲ့  ပြုလုပ်သည်ကို သိသာနိုင်သည်။ ယခုဖြစ်စဉ်မှာ ဦးစံကျော်နှင့် ဦးဇင်း ဇေယျသာမိမှာ နယ်စပ်ဒေသတွင် ရှိနေသော လက်နက်ကိုင် တော်လှန်ရေး ပြုလုပ်နေသည့် ရခိုင်တပ်မတော်နှင့် ဆက်သွယ်သသည် ဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ ယင်းသို့  မတရားအသင်းဟု ထုတ်ပြန်ကြေညာထားသော လက်နက်ကိုင်အဖွဲ့ နှင့် ပါတ်သက်၍ ဖမ်းဆီးထားသည်ဆိုလျှင် တရားဥပဒေအရ ရုံးတင် တရားစွဲဆိုစစ်ဆေးရန်သာ ရှိသည်။ ဒုတိယ ဖမ်းဆီးစစ်ဆေးခဲ့ သော ထောက်လှမ်းရေး ( ၁၀ ) မှ တာဝန်ခံဗိုလ်နိုင်ဦးနှင့် တပ်ကြပ်ကြီး ကိုထွန်းကြည်တို့  အဖွဲ့  ဖြစ်သည်။ သူတို့ မှာ အထက်က တာဝန်ပေးချက်အရ ဖမ်းဆီးရသည်ဟုဆိုလျှင် ဖမ်းဆီးနိုင်ခွင့် သို့ မဟုတ် ဖမ်းဆီးပိုင်ခွင့်မှာ ယင်းအချိန်က ဖမ်းဝရမ်းမပါဘဲ အာဏာလက်စောင်းထက်သည့် အခြေအနေ ရှိသည်။ ဖမ်းဆီးပြီးနောက် တရားရေးဆိုင်ရာဖက်သို့  လွှဲပြောင်းပြီး တရားဥပဒေအရ ရုံးတင် စစ်ဆေး ရမည်သာဖြစ်သည်။ တတိယအချက်အနေဖြင့် ထောက်လှမ်းရေး(၁၀) သည် ဗိုလ်ခင်ညွန့် ၏ လက်အောက်မှာ ရှိနေရာ တာဝန်အရှိဆုံးသူမှာ ဗိုလ်ခင်ညွန့် သာဖြစ်သည်။ ယခုဖြစ်စဉ်၌ ယခုကဲ့သို့  ဦးစံကျော်နှင့် ဦးဇင်းဇေယျသာမိတို့ မှာ ဖမ်းဆီးခံရသည်ကို ဗိုလ်ခင်ညွန့် သည် အစအဆုံး သိနိုင်သူသာဖြစ်သည်။ လက်တန်ရှည်ပြီး လူသတ်အမိန့် ကို ပေးနိုင်သောသူမို့  ယခုဖြစ်စဉ်တခုလုံးတွင် ဗိုလ်ခင်ညွန့် သည် တာဝန်အရှိဆုံးဖြစ်သည်။

ဦးဇင်းဦးဇေယျသာမိမှာ မင်းပြားမြို့ နယ်မှ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းထိုင်နေသော ဆရာတော် တပါးဖြစ်သည်။ စာချပုဂ္ဂိုလ်တပါးဖြစ်၍ လိုအပ်သော ဘာသာရေးစာအူပ်စာတမ်းများကို စစ်တွေမြို့ မှ လာယူကာ မောင်တောမြို့ နှင့် ကယုချောင်းခေါ် တက်ကနစ်မြို့ သို့  ကူးသန်းသွားလာနေသော ဆရာတော် တပါးဖြစ်သည်။ ယခုကဲ့သို့  ဆရာတော် ဦးဇေယျသာမိကို ဦးစံကျော်နှင့် အတူဖမ်းဆီးပြီး ရက်စက်စွာ ပစ်သတ်လိုက်သည်မှာ ဘုရားသားတော်ဖြစ်သော ဦးဇင်းအဖို့  ကံဝဋ်ကြွေးကို ခံစားရခြင်းဟု ပြောနိုင်သည်။ သို့ သော် ယင်းသို့  ရက်စက်စွာ အသတ်ခံရသည်ကို တရားဥပဒေရှုဒေါင့်မှ ကြည့်လျှင် အလွန် လူသားမဆန်ခြင်းကို တွေ့ နိုင်သည် ။ ရက်စက်စွာပစ်သတ်ပြီး သို့ မဟုတ် ထောက်လှမ်းရေး(၁၀) တွင် နှိပ်စက်ပြီး လက်လွန်သေဆုံးသွားသည်ဆိုလျှင် ခွင့်လွှတ်ကောင်း ခွင့်လွှတ်ရနိုင်ပါသေးသည်။ ယခုကဖြင့် ယင်းသို့ မဟုတ်။ ထောက်လှမ်းရေးအချုပ်တွင် လူသတ်သမားတွေက အားရအောင် နှိပ်စက်ပြီး ကျောက်တော်မြို့ နယ်သို့  ခေါ်ယူသွားကာ တောစပ်တနေရာမှာ သတ်ပြီး မြေမြုပ်လိုက်သည်ဆိုသည်မှာ လက်ခံနိုင်စရာ အကြောင်း မရှိ ။


အားလုံးကို ခွင့်လွှတ်လိုက်ပါမည်ဟု စိတ်ထဲမှာ ကူး၍ ယခုဖြစ်စဉ်ကို ကြေအေးနိုင်စရာ တခုရှိပါသည်။ ယင်းမှာ ရက်စက်စွာသတ်ပြီး ဦးစံကျော်နှင့် ဦးဇေယျသာမိ အလောင်းကို မိသားစုအား သို့  မဟုတ် နယ်မြေခံ ဒေသက လူများအား ပြန်ပေးပါက လက်ခံနိုင်ပါသေးသည်။ ခုတော့ သူတို့ ကို သတ်ဖြတ်ပြီး အလောင်းကို ပြန်မပေး။ မည်သည့်နေရာမှာ သတ်ဖြတ်ခဲ့ သည်ကို ဒေသခံတို့ အား မပြောပြ ။ မိသားစုအား အကြောင်းမကြား ။ အကယ်၍ ဗုဒ္ဒဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံတင်ကာ မြေမြုပ်သဂြိုလ်ခဲ့ သောနေရာ၌ အမျအတန်းဝေခွင့်ကို ရရှိသည်ဟုဆိုက ဇနီး နှင့် သားသမီးတို့  ကျန်ရစ်သူ မြေးမြစ်တွေက ခွင့်လွှတ်နိုင်ကြပါသေးသည်။ ယင်းသို့ ခွင့်လွှတ်နိုင်အောင် ခင်ညွန့် က တခုခု လုပ်ရမည်ဖြစ်သည် ။ ဥပဒေစကားအတိုင်း ပြောရလျှင် ထောက်လှမ်းရေး(၁၀ ) သည် သူတို့ ၏ ကြွင်းကျန်ရစ်သော အလာင်းအား ဖျောက်ပစ်ခြင်းဖြစ်သည်။ တရိစ္ဆာန်တကောင်လို သတ်ဖြတ်ပြီး လူသားနှစ်ဦးအား ယင်းသို့  ပြုမူဆောင်ရွက်ခြင်းကို မည်သည့် ယဉ်ကျေးသော လူသားဆန်သည့် ပုဂ္ဂိုလ်များက ပြုလုပ်မည် မထင် ။ ယခုမူ သူတို့ ၏အာဏာသက်ဆိုးရှည်ရေးအတွက် လက်ထပ်ခပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်ရဲသော ဗိုလ်ခင်ညွန့် ၏ တပည့်များသည် စင်စစ်အားဖြင့် သူ တို့ ဆရာအားကိုးကြောင်းသာဖြစ်သည်။
 

သို့ ဆိုလျှင် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ သော ထောက်လှမ်းရေး(၁၀ )မှ ဗိုလ်နိုင်ဦး ၊ကိုထွန်းကြည်နှင့် ယင်းအချိန်က တာဝန်အရှိဆုံး ဗိုလ်ခင်ညွန့် မှာ ယခုအမှု၌ တာဝန်အရှိဆုံးဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဗိုလ်ခင်ညွန့် သည် ယခုအမှုကို တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ရက်စက်စွာသတ်ဖြတ်ပြီး အလောင်းဖျောက်ရသည်ကို စစ်ဆေးခံယူရမည်ဖြစ်သည်။ ခင်ညွန့် မှာ ယခုအချိန်တွင် လွပ်ငြိမ်းချမ်းသာခွင့်နှင့် လွပ်မြောက်လာပြီဖြစ်ရာ သာမန်ပြည်သူတဦးအနေလို ဘုရားတရားကိုင်းရှိုင်းသယောင် လုပ်နေ၍ မရ။ သို့ အတူ သမတဦးသိန်းစိန်အစိုးရကလည်း ယခုအမှုကို ရုံးတင် စစ်ဆေးရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ လွပ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်တုံးက အပြစ်ရှိလျှင် ခွင့်လွှတ်နိုင်သည်ဆိုသောစကားမှာ ဤအမှုကို ရောင်ပြန်ဟပ်စေသည်။ အကြောင်းမှာ ဤသို့  လူသတ် အလောင်းဖျောက်ခဲ့ သူမှာ မည်သို့ နည်းနှင့်မျ လွပ်ငြိမ်းချမ်းသာခွင့်ကို ခံစားရမည့်သူများ မဖြစ်နိုင် ။ သူတို့ ထောက်လှမ်းရေး (၁၀ ) မှ ပုဂ္ဂိုလ်များ နှင့် ဗိုလ်ခင်ညွန့် မှာ ယခုအမှုနှင့် ပတ်သက်၍ ထောင်ထဲသို့  ပြန်လည်သွားမှ ကျနော်တို့  ကြေအေးနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသတ်ကောင်ဖြစ်သောခင်ညွန့် ကို တရားဥပဒေမရှိဘဲ သမတဦးသိန်းစိန်အစိုးရက လက်ပိုက်ကြည့်နေသည်ဆိုလျှင် နောင်လည်း မြန်မာနိုင်ငံတွင် လူသတ်အလောင်းဖျောက်မှုများ မပေါ်ပေါက်နိုင်ဟု မည်သူကမှ အာမခံ၍ မရ ။ ထို့ ကြောင့် ခင်ညွန့် က အလောင်းဖျောက်ထားည်ကို ပြန်လည်ထုတ်ဖေါ်ပြီး မိသားစုအား မြေမြုပ်ထားသည့်နေရာအား ထုတ်ဖေါ်ပြသရန် ယခုအချိန်မှာ အထူး လိုအပ်နေသည်ဟု ပြောချင်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment