Sunday, January 22, 2012

သို့/ နိုင်ငံတော်သမ္မတ/ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဟိုတလောက ဒီဆိုဒ်မှာ ရင်ဖွင့်တိုင်ကြားတဲ့စာမှာ မိတ္တူပေးထားတာ တွေကမှတ်သားလောက်ပါတယ်….ကျွန်တော်လည်းခံစားချက်လေးတွေ မအောင့်အီးနိုင်လို့ ဒီဆိုဒ်မှာခဏတာ တင်ပါရစေလို့ခွင့်တောင်းပါတယ်ဗျာ…….Special Request လုပ်ပါတယ်……..

သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ ၊၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၁၆ ရက်
လေးစားရပါသောနိုင်ငံတော်သမ္မတကြီးခင်ဗျား

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏တိုင်းပြည်ကိုချစ်ြ မတ်နိုးပြီးပြည်သူများအပေါ်ထားရှိသောစေတနာကိုမြန်မာပြ ည်သူလူထုတစ် ရပ်လုံးကသဘောပေါက်နားလည်လာကြပြီဖြစ်ပါသည်။ သို့သော်လည်းသမ္မတကြီး၏ အစိုးရအဖွဲ့သည်ကား မိမိရာ ထူး တည်မြဲ ရေးကိုသာအလေးထားပြီးဝန်ထမ်းငယ်များ၏နေထိုင်စားသောက်ရုန်းကန်ရသောဘ၀အခြေအနေကို သိသိနှင့်မျက်ကွယ် ပြုနေ ပါသည်။ကျွန်တော်သည်ပညာရေးမှတက္ကသိုလ်ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ မြန်မာပြည်က တက္ကသိုလ်ကျောင်း ဆရာ တစ် ဦး၏ဘ၀သည်ကား နိမ့်ကျနွမ်းပါးလှပါသည်။ကျွန်တော်၏လစာမှာ ခြောက်သောင်းကျော်သာရပါသည်။ ဒါကိုအပြစ် မဆိုလို ပါ။ ကျောင်းဆရာသည် ကြက်သားဟင်းလည်းမစားလိုပါ။ ၀က်သားဟင်းလည်းမစားရလျှင်နေနိုင်ပါသည်။ ပဲပြုတ်ထမင်းနှင့် ငါးပိ ထောင်းလေးပါလျှင်အတွေးပီတိနှင့်ရောစားပြီးကျေနပ်နိုင်ပါသည်။ ကျွန်တော်တက်ရောက်သင်ကြားပေးရသောတက္ကသိုလ်သည် မြို့နှင့်အလွန်ဝေးသဖြင့် လိုင်းကားစီးလျှင် ၂ နာရီကြာမှကျောင်းကိုရောက်ပါသည်။ ၂ ဆင့်စီးရ၍ပိုက်ဆံ ၃၀၀/၄၀၀ ကျပ် ကုန်ပါသည်။တစ်ရက်လျှင် ၈၀၀ ကျပ်လောက်ကုန်ကျပါသည်။
ကျွန်တော်သည် ကွမ်းမစား၊ဆေးလိပ်/အရက်မသောက်ပါ။အတတ်နိုင်ဆုံးခြိုးခြံချွေတာပါသည်။ကျွန်တော်၏ လစာနှင့် လုံးဝ မစားလောက်ပါ။ထမင်းနပ်မှန်ရေးအတွက် ကျူရှင်သင်မိပါသည်။ ရိုးသားစွာသင်ပါသည်။ အလွဲသုံးစားမလုပ်ပါ။ကျူရှင်သင် သည့်အ တွက်အပြစ်ရှိ၍ ၀န်ကြီးဌာနမှအရေးယူပြီးရာထူးတိုး မပေးခဲ့ပါ။လက်ရှိဝန်ကြီးသည်လည်းစာတတ်ရုံကလွဲပြီး ဆရာ ငယ် များ အပေါ်ညှာတာမှုမရှိပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးသည် အဓိကဖြစ်သည်ဟုနိုင်ငံတကာက ခံယူထား ပါ သည်။ဂျပန်နိုင်ငံတွင်ကျောင်းဆရာများကိုအမြင့်ဆုံးလစာ ပေးပြီးအမေရိကန်နိုင်ငံတွင်ဒုတိယအမြင့်ဆုံးလစာပေးသည် ဟုကြား မိပါသည်။ကျောင်းဆရာများ၏ဘ၀မှာအောက်တန်းမကျပါ။မည်သူမျှမကဲ့ရဲ့ပါ။မြန်မာနိုင်ငံတွင်ကောင်းမွန်သောပညာရေးလော က ဖြစ်ထွန်းရန်လိုပါသည်။စည်းကမ်းကောင်းရန်လိုအပ်သလိုအေ ခြခံလိုအပ်ချက်လေးတွေလည်းကောင်းဖို့လိုပါသည်။ ဆရာဝန်များရုံးချိန်တွင်းမှာပင် ပြင်ပဆေးခန်းများတွင်စီးပွါးရှာခွင့်ရှိသော်လည်း ကျောင်းဆရာများမှာမူ ထမင်းနပ်မှန်ရေးအတွက် ကျောင်းပိတ်ရက်ကျူရှင်သင်ကြားခြင်းကိုတော့ ခွင့်မပြုပါ။ မိမိအတတ်ပညာနှင့်ရိုးသားစွာ သင်ကြားလျှင် ခွင့်ပြုသင့်သည်ဟု ထင် ပါသည်။ အချို့နယ်တက္ကသိုလ်များတွင်ပေးထားသောအဆောင်များမှာ မိုးမလုံပါ။မိုးရွာလျှင် ရှိသမျှခွက်တွေခံထားရပါသည်။ ပါချုပ်လည်းဘက်ဂျက်မရှိ၍မပြင်နိုင်ပါ။ ပညာရေးဝန်ကြီးသည် ပညာရေးလောကကို နလံမထူအောင်လုပ်ပြီးတိုင်းပြည်ဆင်းရဲ အောင်လုပ်နေသူဖြစ်ပါသည်။မိမိလည်းမြန်မာပြည်တွင်အမြင့် ဆုံးဒီဂရီဘွဲ့ကို မိဘများပိုက်ဆံမရှိသည့်ကြားက ရအောင်ကြိုးစား ယူခဲ့ရပါသည်။ သို့သော် ကျောင်းဆရာဘ၀ ထမင်းမ၀ပါ။ တိုင်းပြည်ဆင်းရဲ၍၀န်ထမ်းအားလုံး ဆင်းရဲလျှင် ရေသောက်ပြီး အလုပ် လုပ်ပါမည်။ သို့သော် ဆောက်လုပ်ရေး၊ဆည်မြောင်း၊ စည်ပင်…..အစရှိသည့်များစွာသောဝန်ထမ်းများမှာ မူ နိုင်ငံတော်သမ္မတကြီး သိသည့်အတိုင်းပင် ဖြစ်ပါသည်။ဖေါင်ကြီးသင်တန်းမှဆောင်ပုဒ်ကိုသတိရမိပါသည်။ “ ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်” ဆိုင်းဘုတ်ပေါ်တွင်ရှိသောဆောင်ပုဒ်သာဖြစ်ပါသည်။ ၀န်ထမ်းကို ကောင်းအောင်လုပ်ပေးမှ တိုင်းပြည်ကောင်းမည်ဖြစ်ပါသည်။ အခုတော့ လည်သူစားပုံစံဖြစ်နေပါသည်။ ပြောရလျှင်မကုန်နိုင်ပါ။ နိုင်ငံတော်သမ္မတကြီးအား အထူးလျောက်ထား တင်ပြလို သည်မှာ ၀န်ကြီးများပြောသည့်စကားကို အပြည့်အ၀မယုံကြည်ရန်ဖြစ်ပါသည်။ ဆင်ခြေတစ်သိန်းနှင့် အမှန်တရားကို ဖုံးကွယ်ပြီး မိမိစီးပွါးဥစ္စာတိုးပွါးရေးကိုသာအလေးထားဆောင်ရွက်ကြမ ည်ဖြစ်ပါသည်။ကျောင်းဆရာများ၏ဘ၀သည်ပီတိကိုစားအားဖြစ်ပါ သည်။တပည့်များနိုင်ငံ့ခေါင်းဆောင်ဖြစ်သွားလျှင်သေပျော်ပါသည်။ မည်သို့ပင်ရှိစေကမူ နိုင်ငံတော်သမ္မကြီး၏ စေတနာနှင့် ဆောင်ရွက်နေမှုများကိုပြည်သူများနှင့်ထပ်တူလေးစားလျက်ရှိပါကြောင်းရိုသေစွာတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
ပဲပြုတ်နှင့်ငါးပိထောင်းကြိုက်သော
ကျောင်းဆရာတစ်ဦး
ပညာရေးဝန်ကြီးဌာန
မိတ္တူ
- ဒုတိယသမ္မတများ
- ပြည်ထောင်စုလွှတ်တော်
- အမျိုးသားလွှတ်တော်
- ပြည်သူ့လွှတ်တော်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်
- ပြည်တွင်းဂျာနယ်များအားလုံး

No comments:

Post a Comment