Sunday, January 15, 2012

မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာတွင် ထပ်မံဖမ်းဆီးခံရပြန်ပြီ


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ (၁၆)ရက်၊ ၂၀၁၂။
http://www.gissapa.blogspot.com 
မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာတွင် ထပ်မံဖမ်းဆီးခံရပြန်ပြီ


မြန်မာမှ နည်းမျိုးစုံ မှောင်ခိုတင်သွင်းထားသော အရက်ပုလင်းပေါင်း ၁၈၉၀ လုံးကို သက်ဆိုင်ရာ ဘင်္ဂလာဒေ့ခ်ျ အာဏာပိုင်က လွန်ခဲ့သော သောကြာနေ့က ကော့စ်ဘဇားရိုင်အတွင်းမှ ဖမ်းဆီးရမိကြောင်း ဒေသထုတ် coxsbazarnews.com က ဖေါ်ပြသည်။

ထို့ပြင် အဆိုပါ ကော့စ်ဘဇားခရိုင် မဟားဇိုးမြို့နယ်မြေမှ မြန်မာ့လုပ်အရက် ၃၇၂ လုံးကို ဒီဇင်္ဘာ(၃၁)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံရဲဋ္ဌာနမှ ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ဘင်္ဂလာမှ ဖမ်းဆီးရမိသည့် မြန်မာ့မှောင်ခိုအရက်များမှာ အာမိရမ်၊ ဘောကာ၊ ဒရိုင်းဇီး၊ လန်ဒန်နှင့် ဘီယာများ ပါဝင်ကြောင်းနှင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး မှောင်ခိုသမားများ အနေဖြင့် စက်လှေဖြင့် အဓိကအားဖြင့် သယ်ယူလျှက်ရှိကြောင်း နယ်စပ် သတင်းများက ဆိုသည်။  

မြန်မာလုပ် အရက်များမှာ ဘင်္ဂလာ၌ နာမည်ကြီး တည်းခိုခန့်-ဟိုတယ်များတွင် အသုံးများလာ၍ လွန်ခဲ့သော ၂၀၀၉ ခုနှစ်က အဆိုပါ အရက်များမှာ တလုံးကို တာကာ ၂၀၀ ပေါက်ဈေးမှ ယခုအခါ တာကာ ၈၀၀ မှ ၁၆၀၀ အထိ ဈေးတက်သွားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနှင့် ကပ်ရပ်လျှက်ရှိသည့် ဘင်္ဂလာ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံအပေါ် ပြည်သူများအား အကြမ်းဘက် ပြုမှုသည့်နိုင်ငံနှင့် ၎င်းတို့နိုင်ငံအား မူးယစ်ဆေးဝါးများ အများအပြား တင်သွင်းသောနိုင်ငံအဖြစ် လူသိများလာနေကြသည်မှာ ဒေသအတွင်းထုတ်သည့် websiteနှင့် သတင်းစာများအရ သိသာထင်ရှားလာကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် ကပ်လျှက်တည်ရှိနေသည့် တာခ်နာမြို့မှ မြန်မာ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူ မူဟာမတ် အာလာမ် (၂၁)နှစ်နှင့်အတူ မြန်မာ့အရက်များကို တာခ်နာမြို့ရဲဋ္ဌာနမှ စနေနေ့က ထပ်မံဖမ်းဆီးရမိကြောင်း ဒေသခံ သတင်းထောက်များက ဆိုသည်။  

ကော့စ်ဘဇားခရိုင် အိုခီးယားရဲဋ္ဌာနက ၎င်းတို့နယ်မြေအတွင်းမှ မြန်မာ့ရာဘားဆေးပြား ၈၀၀ လုံးနှင့် မူးယစ်ဆေးဝါး ဖေါက်ကားသူ ဘင်္ဂလီ (၃)ဦးကို စနေနေ့က ဖမ်းဆီးရမိကြောင်း ဒေသထုတ် သတင်းစာများသို့ ယမန်နေ့က အတည်ပြုပြောဆိုလိုက်သည်။  

တာခ်နာမြို့မှ ကော့စ်ဘဇားမြို့သို့ ၇၈ ကီလိုမီတာ ဝေးကွာပြီး၊ ကော့စ်ဘဇားမြို့မှ စစ်တကောင်းမြို့သို့ ၁၂၀ ကျော် ကီလိုမီတာ ဝေးကွာကာ စစ်တကောင်းနှင့် တာခ်နာအထိ လမ်းမကြီး၏ အမည်မှာ Arakan Road ဟုတွင်လျှက်ရှိပြီး အာရ်ကန်အမည်ရှိ ဟိုတယ်၊ ထမင်းဆိုင်များနှင့် တခြားဆိုင်များ လမ်းတလျှောက် ယခုအချိန်ထိ တွေ့ရှိနေရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကြီးများက “နှစ်နိုင်ငံကူးလူးစီးပွားရေးမှာ တိုးတက်မှုများရှိနေသော်လည်း မှောင်ခိုသမား များလုပ်ဆောင်နေသည့် လက်ချက်များကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲဖြစ်နေတယ်။”ဟု အစည်းအဝေးတိုင်း၌ အပြန်အလှန် ဆွေးနွေးလေ့ရှိကြောင်း ရခိုင်ပြည်နယ်မှ စီးပွားရေးသမားတဦးက ဆိုသည်။

မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့် မူးယစ်ဆေးဝါးဖေါက်ကားသူ အများအပြားတွင် ဘူးသီးတောင်မြို့နှင့် မောင်တောမြို့တို့တွင် အခြေစိုက်သည့် အာဏာပိုင်အကြီးအကဲများ အဓိကပါဝင်နေကြောင်း လေ့လာသိရှိရသည်။  

No comments:

Post a Comment