Wednesday, January 25, 2012

ရှင်တီဘန်ဟန်းနီ ငါ့နွားလား?


ရှင်တီဘန်ဟန်းနီ ငါ့နွားလား?

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသအတွင်းတွင် မြိုလူမျိုးများလည်း နေထိုင်ကြလေသည်။ ၎င်းတို့မှာ တောင်ပေါ်သားပီပီ ရိုးသားဖြူစင်ပြီး လူ့ဂုဏ်၊ လူ့အကျင့်၊ လူ့တန်ဖိုးများနှင့် ပြည့်စုံလျှက် လူသားဇာတိမာန်များလည်း ရှိကြသော လူမျိုးဖြစ်ကာ တောင်ယာ ခုတ်၊ နွားဆိတ်မွေးမြူရေး ဘ၀ဖြင့် အသက်ဆက် နေထိုင်လေ့ ရှိကြလေသည်။

တနေ့သောအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံတော် ကာကွယ်ရေးတပ်မတော်မှ နိုင်ငံတော်မှ  ဋ္ဌာနေတိုင်းရင်းသားများ အခြေခံ အခွင့်အရေးကို ရရှိရန် တောင်းဆိုနေသော ချင်တီဘန်ဟန်းနီ (ငြိမ်းချမ်းရေးတပ်မတော်)အား နှိမ်နှင်းရန် စစ်တကောင်း တောင်တန်း ဒေသသို့ စစ်ဆင်ရေးအဖြစ် နယ်လှည့်စဉ် စစ်ကြောင်းမှူး တဦးမှ မြိုအမျိုးသား တဦးအားခေါ်ယူ၍ မေးမြန်းလေရာ…

စစ်ကြောင်းမှူး         - (ဘင်္ဂလီ ဘာသာဖြင့် -  ရှင်တီဘန်ဟန်းနီ ကိုထိုင်းအာဆေး?) ရှင်တီဘန်ဟန်းနီ အဘယ်နေရာတွင် ရှိသနည်း။
မြိုအမျိုးသား         - ဘယ်သို့မှ ပြန်မပြောဘဲ ငြိမ်နေလေ၏။
စစ်ကြောင်းမှူး         - ဟေကောင် မင်းကိုငါ ရှင်တီဘန်ဟန်းနီ စခန်း ဘယ်နေရာမှာ ရှိသနည်းဟု မေးနေတယ်လေ။
မြိုအမျိုးသား         - မကြားသလို ဟန်မူနေပြန်၏။
စစ်ကြောင်းမှူး         - မြိုအမျိုးသားအား သေနပ်ချိန်တည်ပြီး ရှင်တီဘန်ဟန်းနီ အဘယ်မှာလဲလို့ ပြောစမ်းဟု၍ ခြိမ်းခြောက်လေပြန်၏။

ထိုအခါ မြိုအမျိုးသားက         - ရှင်တီဘန်ဟန်းနီ ငါ့နွားလား၊ ရှင်တီဘန်ဟန်းနီကို ငါကျောင်း(ထိမ်း)နေတာမှ မဟုတ်ဟု၍ ဖြေလေ၏။

စစ်ကြောင်းမှူးမှ မနေသာမထိုင်သာဘဲ အရေးယူရန်မဖြစ်၊ အနေရခက်စွာဖြင့် ထိုနေရာမှ စစ်ကြောင်းအား ဆုတ်ခွာလေသတည်း။

မြိုအမျိုးသားများမှာ ရိုးသားဖြူစင်ပြီး ကတိ၊ သစ္စာ၊ သမာတိအားကောင်းသော လူမျိုးဖြစ်သည်။ မိမိတို့ နယ်မြေဒေသ ကောင်းစားရေး အတွက် မည်သို့ခါမှ သစ္စာမဖေါက်သော လူမျိုးဖြစ်သကဲ့သို့ ၎င်းတို့၏ ရိုးရာဓလေ့ထုံးတမ်းအစိုင်အလာသာခြင်းများမှာ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေးစွာ ကျင့်သုံးနေထိုင်လျှက်ရှိသော လူမျိုးကောင်းဖြစ်သည်။  
(အောင်သန်း - ဇွန္န၀ါရီလ - ၂၆- ရက်၊ ၂၀၁၂။)

No comments:

Post a Comment