Sunday, January 15, 2012

လမ်းပြုပြင်မည့်ဟုဆိုပြီး ပြည်သူများ ငွေကောက်ခံနေရ


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ (၁၂)ရက်၊ ၂၀၁၂။
http://www.gissapa.blogspot.com
လမ်းပြုပြင်မည့်ဟုဆိုပြီး ပြည်သူများ ငွေကောက်ခံနေရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် အာဏာပိုင်များက ဘေးတွဲမော်တော်ဆိုင်ကယ် မောင်းသူများနှင့် ဒေသခံပြည်သူများထံမှ လမ်းလုပ်မည်ဟု အကြောင်းပြပြီး ငွေများကောက်ခံနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာမှ အမည်မဖေါ်လိုသူ မော်တော်ဆိုင်ကယ်မောင်းသူ တဦးက အခုလို ရှင်းပြသည်။

“ကျွန်တော်တို့ ကြိမ်ချောင်းကနေ ညောင်ချောင်းကျေးရွာကို ၁၆ မိုင်ဝေးပါတယ်၊ လမ်းကသဲလမ်းဖြစ်ပါတယ်၊ ကျွန်တော်တို့ ဆီက တနှစ်ကို ဆိုင်ကယ်မောင်းခွင့်နဲ့ လမ်းလုပ်ဖို့အကြောင်းပြပြီး ကျပ် ၁ သိန်းစီကောက်ပါတယ်၊ လွန်ခဲ့တဲ့နှစ်ကလည်း ငွေကောက်သွားပြီး လမ်းလုပ်တာ မတွေ့ရပါဘူး၊ လမ်းမလုပ်တော့ ဆိုင်ကယ်တောင် မောင်းမရဘူး၊ ကြိမ်ချောင်းနဲ့ ညောင်ချောင်းကျေးရွာတွေကလည်း လမ်းလုပ်ဖို့ ငွေကောက်တယ်လို့ ဆိုပါတယ်၊ ခုတောင်သွားမရတော့ မိုးရာသီဆိုတော့ သိတဲ့အတိုင်းဘဲ၊ အခုငွေကောက်ဖို့ လာပြီးဖိအားပေးနေ ပါတယ်၊ ဘူးသီးတောင်ဗျူဟာက အမိန့်လို့သိရပါတယ်။”ဟု ဧရာဝတီသို့ ရှင်းပြသည်။  

၎င်းက ဆက်လက်ပြီး “စစ်တပ်က လိုချင်တဲ့လမ်းတွေကိုတော့ ကျေးရွာတွေကိုပတ်ပြီး ဖေါက်လုပ်တာတော့ အများကြီးရှိပါတယ်၊ ခုဆို စစ်တွေကိုမ၀င်ဘဲ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ အမ်းကနေ ရန်ကုန်ကိုတိုက်ရိုက်သွားနိုင်အောင် လမ်းတွေ ဖေါက်လုပ် ပြီးနေပါပြီ၊ ချင်သလို အလုပ်ခံနေရတဲ့ ဘ၀ပါ။”ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ် ကြိမ်ချောင်းနှင့် ညောင်ချောင်းအကြားရှိ လမ်းမကောင်းသဖြင့် ခရီးသွားလာနေကြရသည့် မော်တော်ဆိုင်ကယ် မောင်းသူများနှင့် ဒေသခံပြည်သူများမှာ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် တ၀ှမ်းလုံးတွင် ခရီးသွားလာကြသော ပြည်သူလူထုများနှင့် သယ်ယူပေးနေကြရသော ကားမောင်းသူများမှာ လမ်းဘေး ဆက်သွယ်ရေး မကောင်းသောကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်းနှင့် မောင်းနှင်သူတို့၏ မောင်းခွင့်လိုင်စင်မှာ လုံခြုံမှု အပြည့်အ၀ မရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်တွေ-ဘူးသီးတောင် အသွားအပြန် ခရီးနှင်နေသည့် ဓည၀တီသင်္ဘောမှာ ပုဂ္ဂလိကသို့ ရောက်ရှိသွားပြီးနောက် သင်္ဘောခ တဦးလျှင် ကျပ် ၈၀၀၀ အထိ ဈေးတက်သွားပြီး သံဃာတော်များအား ဆွမ်းကပ်မည့်သူမရှိဖြစ်နေပါသဖြင့် ခရီးသွားသံဃာတော်များမှာ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

No comments:

Post a Comment