Thursday, January 26, 2012

မြန်မာ-ဘင်္ဂလာ-အိန္ဒိယ-တရုတ် လေးနိုင်ငံကုန်သွယ်ရေး ကုန်းလမ်း (၃၁)ရက်နေ့တွင် စတင်သွားမည်


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ(၂၆)ရက်၊ ၂၀၁၂။
http://www.gissapa.blogspot.com 

မြန်မာ-ဘင်္ဂလာ-အိန္ဒိယ-တရုတ် လေးနိုင်ငံကုန်သွယ်ရေး ကုန်းလမ်း (၃၁)ရက်နေ့တွင် စတင်သွားမည်


မြန်မာ-ဘင်္ဂလာ-အိန္ဒိယ-တရုတ် လေးနိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်ရန် ကူးလူးဆက်ဆံရေးအတွက် ကုန်းလမ်းများဖြင့် ကုန်သွယ်ရေး သယ်ယူပို့ဆောင်သွားလာရေးကို လာမည့် ဇွန္န၀ါရီလ(၃၁)ရက်နေ့တွင် စတင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်ပြည် ကူမင်းပြည်နယ်မှ မြန်မာသို့သွားမည့်လမ်းနှင့် အိန္ဒိယ-ဘင်္ဂလာဒေ့ခ်ျတို့အကြား သွားမည့်လမ်းကြမ်းများကို ပိုမိုကောင်းမွန်လာအောင် ယခုအခါ ဆောင်ရွက်မှုများ အဓိက ပြုလုပ်နေကြောင်းနှင့် အဆိုပါ (၃၁)ရက်နေ့ စတင်ပြီး ကုန်းလမ်းမှ ကုန်သွယ်ရေးစတင်မည့် သတင်းမှာ ပြီးခဲ့သော (၁၈)ရက်နေ့က လေးနိုင်ငံကုန်သွယ်ရေးအဖွဲ့ဝင်များ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  

အဆိုပါ စီမံကိန်းမှာ လွန်ခဲ့သော (၂၀၀၆)ခုနှစ်၊ မတ်လ(၃၁)ရက်နေ့က စတင်ဆွေးနွေးခဲ့ပြီး၊ (၅)နှစ်ကျော်လွန်လာခဲ့ကာ  ဇွန္န၀ါရီလ(၁၈)ရက်နေ့က (၃၁)ရက်နေ့တွင်စတင်ပြုလုပ်မည့် စီမံကိန်းအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ စစ်ဘက်ဆိုင်ရာအကြီးအကဲ မော်နိရုလ် အိစ္စလာမ်က အင်္ဂါနေ့က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

မစ္စတာ မော်နိရုလ် အီစ္စလာမ်က “အဲဒီ ကုန်သွယ်ရေးလမ်းကြောင်းမှာ အာရှလမ်းမကြီး ဖြစ်လာမည်ဟု မျှော်လင့်ထားပါတယ်၊ ဇွန္န၀ါရီလ (၃၁)နေ့ဆိုရင် တရုတ်ပြည်ကူမင်းကနေ မြန်မာသို့စတင်ပြီးတော့ သွားမှာဖြစ်ပါတယ်၊ အိန္ဒိယ-ဘင်္ဂလာအကြား အဲဒီနေ့ပဲလမ်းသစ်တခုမှ သွားမှာဖြစ်ပြီး လေးနိုင်ငံလုံးသွားလာနိုင်အောင် လမ်းတွေကိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု အင်္ဂါနေ့က ဒေသခံသတင်းထောက် များသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆက်လက်ပြီးသူက “ဘင်္ဂလာဘက်မှ ဆီလေတ်ကုန်သွယ်ရေးဇုံ နယ်စပ်ကနေ အန္ဒိယ ဘန်နာပူသို့ ကုန်တွေသွားမှာ ဖြစ်ပါတယ်၊ ဖေဖေါ်ဝါရီ ၆-၇ ရက်တို့တွင် နှစ်နိုင်ငံကူးသန်းသွားလာရန် ပိုမိုကောင်းမည့် အခြေအနေတွေကို ဖန်တီးသွားမည်။”ဟု ဆိုသည်။

၎င်းအိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးတွင် ထောက်လှမ်းရေးကား၊ ကူးလူးဆက်ဆံရေးကားများ၊ သီးသန့်လျှို့ဝှက်ဖေါ်ထုတ်ရေး ကားများနှင့် တခြားစုစုပေါင်းကား (၁၈)စီးကျော် အရေးပေါ် အနည်းဆုံး ထားရှိမည်ဖြစ်ကြောင်း ဆိုသည်။  

နယ်စပ်ဂိတ်များအတွင်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ကျသူများအနေဖြင့် နယ်စပ်နိုင်ငံရေး တည်ငြိမ်မှုကိုကြည့်ပြီး ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးအတွက် ဂိတ်တိုင်းတွင် ရှေ့နောက်စောင့်ကြည့်ရန် မျက်နှာပြင်များ ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် ကားမောင်းနှင်သူများမှာ ကားတစီးလျှက် ၂ ဦးကျစီလိုက်ပါမည်ဖြစ်ကြောင်း သိရှိရသည်။  

ယခုကဲ့သို့ အာရှလမ်းမကြီး တွင်ကျယ်လာအောင် ဆောင်ရွက်မည်စီမံကိန်း အစပိုင်းတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ့စစ်အစိုးရ လုံခြုံရေး အလိုကျ ၎င်းတို့နိုင်ငံရှိ ရခိုင်ပြည် နိုင်ငံရေး-တော်လှန်ရေး အဖွဲ့အစည်းများကို ၂၀၀၀ ခုနှစ်ကစတင်ပြီး ပြင်းပြင်းထန်ထန် အရေးယူနှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော (၂၀၀၆)ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် မြန်မာအနေဖြင့် ဘင်္ဂလာမှ မိုဘိုင်းဖုံး ဆက်သွယ်ရေးအတွက် စက်မှုလက်မှု အတတ်ပညာများကို ပုံစံမျိုးစုံဖြင့် ၀ယ်ယူသုံးစွဲခဲ့ကြောင်း သိရှိရသည်။ (၂၀၀၇)ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်တကြိမ် နှစ်နိုင်ငံ အဓိက စက်မှုလက်မှုနှင့် ပို့ကုန်သွင်းကုန်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာအနေဖြင့် ၁၉၉၇ ခု၊ စက်တင်္ဘာ(၅)ရက်နေ့ကတည်းက နှစ်နိုင်ငံ အကျိုးတူစီးပွားရေး တရားဝင် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တိုးမြင့်လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း ရည်မှန်းထားသလို အောင်မြင်မှုများ မရရှိခဲ့ကြောင်းဟု ဘင်္ဂလာဘက်မှ အကြိမ်ကြိမ် ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

သို့သော်လည်း ၂၀၁၁ ခု၊ ဒီဇင်္ဘာလတွင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ သဘောတူစီးပွားရေးလုပ်ငန်းခွင် စာချုပ်များကို တိုးမြင့်ချုပ်ဆိုနိုင်ခဲ့ပြီး ယခုကဲ့သို့ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူကပြောသည်။

အဆိုပါ လေးနိုင်ငံ BCIM အမည်ရှိ စီးပွားရေးအသင်းတွင် အဖွဲ့ဝင်များ အနေဖြင့် ဆက်သွယ်ရေးကောင်းမွန်ဖို့ နည်းလမ်းများကို ရှာဖွေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင်မြို့နယ်တို့တွင် ဘင်္ဂလာနှင့် ကုန်းလမ်းကြောင်းမှ ကုန်သွယ် သွားနိုင်မည့် လမ်းများကို ဖေါက်လုပ်ပြီးစီးထားပြီးဖြစ်ကြောင်းနှင့် ဘင်္ဂလာဘက်ခြမ်းမှလည်း လမ်းများအသင့်ဖြစ်နေကြောင်း မျက်မြင် သက်သေများက ဆိုသည်။

သို့သော်လည်း မောင်တော-ဘူးသီးတောင် အာဏာပိုင်များက အဆိုပါလမ်းဖေါက်လုပ်နေချိန်တွင် ပြည်သူများအား လမ်းဖေါက်လုပ် လျှင် တဘက်နိုင်ငံသားများ ကျူးကျော်မှုများ အများအပြားရှိလာမည်ဖြစ်ပြီး လမ်းဖေါက်လုပ်ရန် မဖြစ်နိုင်ဟု ကွက်ကျော်လိမ်လည်မှု များနောက်ကွယ်မှ လာဒ်ငွေများယူပြီး လျှို့ဝှက်စွာ ဖေါက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု မောင်တော မယက ရုံးကတိမ်းရှောင်လာသော အမည်မဖေါ်လိုသူ တဦးက အတည်ပြုပြောသည်။

မြန်မာ-ဘင်္ဂလာ အနေဖြင့် ၂၀၀၀ ခုနှစ်ကတည်းက ၎င်းတို့နိုင်ငံအကြား ကုန်သွယ်ရေးကုန်းလမ်း စတင်ဖေါက်လုပ်မည့် ယာယီသဘော တူညီစာချုပ်အပေါ် အိမ်နီးချင်းနိုင်ငံများမှ စိတ်ဝင်စားမှုများ ရှိခဲ့ပြီး စီးပွားရေးသမားများက အဆိုပါ ကုန်သွယ်ရေးလမ်းမကြီး ဖေါက်လုပ်ရန် တွန်းအားများပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ့လက်ရှိ အစိုးရသစ် နယ်ပြည်တော်သို့သွားရောက်ပြီး မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိပ်တန်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြောင်း ဒီဇင်္ဘာလအတွင်းက ကမ်းလှမ်းခဲ့သည်။  

ထို့ပြင် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် တည်ရှိသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ကမ်းခြေ၌ ယခုလေးနိုင်ငံ ဖေါက်လုပ်ပြီးစတင်သွားလာမည့် ကုန်းလမ်းထက်ကျယ်ပြန့်သော နိုင်ငံတကာအဆင့်အတန်းမီ ကုန်သွယ်ရေး ရေနက် ဆိပ်ကမ်းကြီးတခုကို ဂျပန်နိုင်ငံမှ လာမည့် ၂၀၅၅ တွင်အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ကုဋေ (၆၀)ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ကော့စ်ဘဇားမြို့ ဒေသထုတ် သတင်းစာများက လွန်ခဲ့သည့် အပတ်က ဖေါ်ပြခဲ့သည်။

No comments:

Post a Comment