Sunday, January 22, 2012

ရခိုင်လွတ်မြောက်ရီးလှုပ်ရှားမှုကော်မီတီ (အမေရိကန်ပြည်ထောင်စု)နယူးယောက် ၀မ်းနည်းမှုသ၀ဏ်လွာ

ရခိုင်လွတ်မြောက်ရီးလှုပ်ရှားမှုကော်မီတီ (အမေရိကန်ပြည်ထောင်စု)နယူးယောက် ၀မ်းနည်းမှုသ၀ဏ်လွာ
ရက်စွဲ-ဂျန္န၀ါရီလ၊ ၂၀၊ ၂၀၁၂-ခုနှစ်
နယူးယောက်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဆရာကြီး ဒေါက်တာအေးကျော် ရေ ဂျန္န၀ါရီလ၊ ၂၀၊ ၂၀၁၂- ရက်နိန့် နယူးယောက်မြို့ Maimonides Medical Center ဆေးရုံမှာ ဆီးကုသမှုခံယူရင်း ယင်းဆေးရုံ၌ပင် ကွယ်လွန်လားရေ။ ဆရာကြီး ကွယ်လွန်လားစွာရေ ရခိုင်ပြည်သူတိအတွက်သာမက  အဖိနှိပ်ခံ ပြည်သူတိအား လုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်ရေ ဆုံးရှုံးမှုတရပ်ဖြစ်တေ။
ဆရာကြီးပြောနီကျစကားတခုဟိရေ ယောက္ခမအိမ်မှာ မောင်းကာချေတွဲပနာ နီလာစွာ နှစ်၂၀၀ရာ ကျော်ယာ ကိုယ့်မောင်းကာချေအောက်မှာ ကိုယ့်စာကိုသင်ခွင့်မရ။ ကိုယ့်သမိုင်းကို သင်ခွင့်မရ ယေနန့် ရခိုင်ပြည်ကို ရခိုင်သားလက်ထဲကို ရအောင် လုပ်ကတ်ရဖို့ ရခိုင်ပြည်ကို ရခိုင်လူမျိုးတိကရာ အုပ်ချုပ်ရဖို့။
ဆရာကြီးမဆုံးခင် ရက်ပိုင်းအလိုထိ ဒေစကားကိုပြောခပါရေ။  ဆရာကြီးစွာရေ နယူးယောက်မြို့ ကမ္ဘာ့ကုသ လမဂရုံးချုပ်ရှေ့မှာ ရခိုင်ပြည်ထဲက ဗမာကိုလိုနီစနစ်ကို ဖျက်သိမ်းပီးဖို့ ပထမဆုံး တောင်းဆိုခရေ ရခိုင် ပညာရှင်တယောက်လည်းဖြစ်ပါရေ။
ဆရာကြီး မှာကြားခရေ၊ ဖြစ်ချင်ခရေ ဆန္ဒချေတိ ဖြစ်ရပါစီမေလို့ Arakan Freedom Movement Committee အနီနန့် အလေးအနက် ဂတိသစ္စာ ပြုအပ်ပါရေ။
ဆရာကြီးဒေါက်တာအေးကျော် ကွယ်လွန်လားစွာရေ မြန်မာပြည်သူတိအတွက်သာမက အဖိနှိပ်ခံလူထု တရပ်လုံးအတွက် ဆုံးရှုံးမှုကြီးတရပ်ဖြစ်ပါရေ။ အထူးသဖြင့် အကျွှန်ရို့ ရခိုင်လူမျိုးတိအတွက် မဟာတံတိုင်း ကြီးတခု ပြိုကျလားရေပိုင် ခံစားရပါကြောင်း ၀မ်းနည်းမှုသ၀ဏ်လွှာ ပီးပို့အပ်ပါရေ။

Arakna Freedom Movement Committee. U.S.A

No comments:

Post a Comment